ဘူးသီးတောင်မြို့နယ် ရှိတိုက်ပွဲရှောင်ပြည်သူများအား နိပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ လှူဒါန်းသည့်ဆန်များထောက်ပံ့ပေးအပ်
Dec 07,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အားနိပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသည့်ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမနေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ နိပွန် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းတို့ကမြို့ပေါ်ရှိ တိုက်ပွဲရှောင်ကယ် ဆယ်ရေးစခန်းများသို့ သွားရောက်ပြီးတိုက်ပွဲရှောင် စခန်းစီမံခန့်ခွဲမှု ကော်မတီဝင်များထံသို့ ထောက်ပံ့ပေးခဲကြောင်း သိရသည်။