သတင်းများ

ပေါက်ခေါင်းမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 07,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများအား ဗဟုသုတနှင့် အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအမှတ်(၁) အလက(ခွဲ) ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ခိုလမ်မြို့၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Dec 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်၏ စီစဉ်မှုဖြင့် မြို့ရဲစခန်းအပြင်၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံ
သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေး
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော် ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကြာဘက်ကုန်းကျေးရွာ ဘုန်း‌တော်ကြီးကျောင်း ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ပြည်သူမျာ နှင့်တွေ့ဆုံ
Dec 07,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရေပူကျေးရွာရှိ စိတ္တသုခကျောင်းတိုက်တွင်ဌာနဆိုင်ရာဝန်ထမ်းများက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး Centerတွင် ဆက်လက်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု”အခမ်းအနားကျင်းပ
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အေးရိပ်သာဓမ္မာရုံတွင် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၉:၃၀)က ကျင်းပပြုလုပ်ခဲ့ပါသည်။
ဂွမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖုန်းပြုပြင်နည်း သင်တန်းဖွင့်
Dec 07,2022
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖုန်းပြုပြင်နည်း သင်တန်းဖွင့် အခမ်းအနားကို ယမန်နေ့ညနေ(၃) နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။