အုတ်ဖိုမြို့နယ်တွင် လူငယ်ရေးရာ ခေါင်းဆောင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာစံပြမြို့သစ် အလယ်တန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။