သတင်းများ

မုဒုံတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကျင်းပ
Dec 07,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က အ.မ.က ကော့ဟပရောက်နှင့် ကျောင်းနောက်ရပ်စာသင်ကျောင်းများ၌ ကျင်းပသည်။
လက်ပံတန်းမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်
Dec 07,2022
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးသတိပြုရေး မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် ဈေးများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဈေးမီးဘေးလုံခြုံရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့မှ အပိုင်းအလိုက် စနစ်တကျ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဈေးကော်မတီအဖွဲ့နှင့် မီးသတ်ဦးစီးဌာနမှ ဈေးအတွင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် ၁၀ နာရီ က ဆောင်ရွက်ခဲ့ကြသည်။
မူဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်းပြုလုပ်
Dec 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က(၁)ကျောင်းခန်းမ၌ ယနေ့ နံနက် (၁၀)နာရီအချိန်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Dec 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဝယ်သွန်ချောင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Dec 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာ ဖြင့်ရောင်းချပေး
Dec 07,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ တောင်သူများစပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်းစေရန် မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့်  ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့်  ယနေ့နံနက် ၈ နာရီက ရောင်းချပေးသည်။
အ.ထ.ကသဲကုန်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 07,2022
ကျောင်းသား၊ ကျောင်းသူများ  ဗလငါးတန်  ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သဲကုန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းမှုဖြင့်  အ.ထ.ကသဲကုန်း သာဓုခန်းမ၌   ယမန်နေ့နံက် ၁၀ နာရီက  လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 07,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီပွားရေးရာဝန်ကြီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်နေမှုအခြေအနေတို့အား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။