သတင်းများ

နွားထိုးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 07,2022
မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေရန် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှု ပိုမိုတိုးပွား စေရန် စာအုပ်စာပေများနှင့်ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများ ရရှိနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးကို ယမန်နေ့နံနက်က ညောင်ပင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ သွားရောက်၍ နယ် လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်စာစောင်များအား (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်လုံးဆိုင်ရာ စုပေါင်းဘုံကထိန်ပွဲ ကျင်းပ
Dec 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ သီတင်းသုံးနေသည့် သံဃာတော် အရှင်သူမြတ်များကို ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများက ယနေ့နံနက်ပိုင်းတွင် စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ
Dec 07,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ် တပ်ဆင်ခြင်းအခမ်းအနားကို ယမန် နေ့က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန်ရွေးခြယ်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  စာဖတ်ဝိုင်း၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန်ရွေးခြယ်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့ရှိ စာပေချစ်သူများအတွက် စာအုပ်ဈေးရောင်းပွဲအား ပြင်ဦးလွင် မြို့ Y.M.B.A တွင် ကျင်းပ
Dec 07,2022
ပြင်ဦးလွင်မြို့ရှိ စာပေချစ်သူများအတွက် စာအုပ်စာစောင်များ ဝယ်ယူဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ပြင်ဦးလွင်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး Y.M.B.A (Young Men’s Buddhist Association) နှင့် ပြင်ဦးလွင်မြို့နယ် စာရေးဆရာ အသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်း ကျင်းပသော စာအုပ်ဈေးရောင်းပွဲကို ပြင်ဦးလွင်မြို့ Y.M.B.A ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်းသိရသည်။
ငဖဲမြို့နယ် ဆင်ချည်တိုင်-မန်းဆုံ ကျေးရွာချင်းဆက်ကတ္တရာလမ်း ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီး
Dec 07,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးတို့အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)
မင်းလှမြို့၌ ကျောင်းသားအားက စားပွဲတော်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန် လူရွေးချယ်ပွဲပြုလုပ်
Dec 07,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပညာရေးဌာနက မြို့နယ်အဆင့်အသက် (၁၈)နှစ်အောက် ကျောင်းသားကျောင်းသူများ လူရွေးချယ်ပွဲကို မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ယနေ့ နံနက် ၇ နာရီချိန်က စတင်ပြုလုပ်ခဲ့သည်။
ခရိုင်အဆင့် လူကုန်ကူးမှုတားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 07,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ခရိုင်အဆင့်လူကုန်ကူးမှုတားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က လူကုန်ကူးမှုတားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့ကြောင်း သိရသည်။