သတင်းများ

ငါန်းဇွန်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု GBV အသိပညာပေးအစီအစဉ် ကျင်းပ
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု GBV အသိပညာပေးအစီအစဉ်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြသ
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသခြင်းကို ယနေ့နံနက် ၁၁ နာရီတွင်ဆောင်ရွက်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၊ ဘုရားဝန်းအတွင်းတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀:၄၅အချိန်က ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Dec 07,2022
နိုင်ငံတစ်ဝန်းကျရောက်လာမည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်ရန်၊ လျော့ကျနိုင်ရန်နှင့် ကာကွယ်တုန့်ပြန်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက် ဓမ္မာရုံနှင့် ညနေ ၄ နာရီတွင် (ဌ)ရပ်ကွက်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Dec 07,2022
မော်လမြိုင်မြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခိုလမ်မြို့ အ.မ.က(မူလွန်) မက်မွန်လောင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၁၀:၀၀) နာရီအချိန်က အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ကျင်းပသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲပြုလုပ်
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။