သတင်းများ

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေးကွင်းဆင်းဆောင်ရွက်
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီ အချိန်ကအ.မ.က(မူလွန်)ကြို့ကုန်းနှင့် မွန်းလွဲပိုင်းအချိန်က အ.မ.က(မူလွန်)သစ် တောကျောင်းများသို့ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
ဘူးသီးတောင်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေး
Dec 07,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်မိခင်နှင့် ကလေးစောင်းရှောက်ရေးရုံးနှင့် မြို့နယ်စည်ပင်သာယာရေး ရုံးဝန်ထမ်းများအား (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ပဲခူးမြို့တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင်သရုပ်ပြခြင်းဆောင်ရွက်
Dec 07,2022
မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင်သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့၊ စည်ပင်သာယာမြို့မစျေးကြီးတွင် စျေးသူ/ စျေးသားများနှင့်ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဝေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲကျင်းပ
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆွေးနွေးပွဲကို ဝေါမြို့နယ်မြစ်ကျိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌  ယနေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပသည်။
မြောင်းမြမြို့ စျေးများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် လိုက်လံစစ်ဆေးဆောင်ရွက်
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ယမန်နေ့က လယ်ယာသုံးစျေးတွင် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့​ကြကြောင်း သိရသည်။
ခရမ်းမြို့တွင်အသက်၁၈နှစ်အထက်နှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့် သူများအား Booster ထပ်ဆောင်းဆက်လက်ထိုးနှံပေး
Dec 07,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း၊  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့်အသက် ၁၈နှစ်နှင့် အထက်နှင့် အသက် ၁၈နှစ်ပြည့်ပြီး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီး  ၆ လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊
ဗန်းမော်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Dec 07,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး Talk Showကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လယ်  ၁ နာရီတွင် ဆောင်ရွက်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 07,2022
အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စွယ်တော် (အ.လ.က)ကျောင်းခန်းမ၌ ကျင်းပသည်။