သတင်းများ

မိတ္ထီလာမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန့်နေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကေ့ာကရိတ်မြို့ အထကကျုံဒိုးအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ယာဥ်စည်း ကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ပြုလုပ်
Dec 07,2022
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ အထက(ကျုံဒိုး)အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီချိန်က  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာတို့ကို အသိပညာပေးဟောပြောခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ သုံးထပ်သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်နိုင်ရေး ပန္နတော်တင်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  မြို့နယ်လုံးဆိုင်ရာ သုံးထပ် သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်နိုင်ရေး ပန္နက်တော်တင်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ကျီးတော်ကုန်းရပ်ကွက်၊ နည်မြေ(၈)၊ ဝမ်းတော်ပြည့်တိုးချဲ့ရပ်ရှိ အဆိုပါ သုံးထပ်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်မည့်နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆောင်းမြေပဲ (၂၆၉)ဧက စိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်း
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံရေး မြေပဲ၊ နှမ်း၊ နေကြာနှင့် အခြားဆီထွက်သီးနှံများ စိုက်ပျိုးထားရှိရာ ဆောင်းမြေပဲ (၂၉၆)ဧက စိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။  
သံတောင်ကြီးမြို့တွင်ကြက်ပေါင်သီးများ ခူးယူရောင်းချခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိ
Dec 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်၊ ဝါးပင်များသည်သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပြီး ကြက်ပေါင်သီးပင်များသည်လည်း သဘာဝအတိုင်း အလေ့အထပေါက်သည့် အပင်များဖြစ်သည်။ ကြက်ပေါင်သီးပင်များသည် ဥယျာဉ်ခြံများနှင့် တောတောင်များတွင် ပေါက်ရောက်ပြီး ယခုဒီဇင်ဘာလဒုတိယပတ်တွင် အသီးများရင့်လာပြီဖြစ်သည့် အတွက် ဒေသခံပြည်သူများက ဆွတ်ခူးရောင်းချလျက်ရှိကြရာ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာတွင်မြစိမ်းရောင်ရန်ပုံငွေများပြန်လည် ထုတ်ချေးပေးခြင်း ဆောင်ရွက်
Dec 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများက နဝမအကြိမ်မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန်လည်ထုတ်ချေးခြင်းကိုရွှေညောင်ပင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ အမျိုးသမီးများအားအကြမ်းဖက်မှု ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော အမျိုးသမီးများအားအကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဖျာပုံခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေများ ပေးအပ်
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ရန် ကျန်ရှိသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်း၊ ပရဟိတဂေဟာ အသီးသီးရှိ ကလေးငယ်များ အတွက် ဆန်ဖိုး၊ စားစရိတ်၊ ဝတ်စုံစရိတ်နှင့် ဂေဟာမှူးများ၏ လစာအတွက် ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်က ခရိုင်လူမှုဝန်ထမ်းရုံးခန်းမ၌ ပြုလုပ်သည်။