သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Dec 07,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  (၄)မိုင် ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ကောင်းပင်စီကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့သောက်သုံးရေလှူဒါန်း
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ် ကောင်းပင်စီကျေးရွာစာသင် ကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က ဝေမျှခြင်း ပရဟိတ(ရန်ကုန်)မှ သောက်သုံးရေသွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။
အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Dec 07,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေးအထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Dec 07,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိ ပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီ အချိန်က လေယာဉ်ကွင်းရပ်ကွက် လမ်းဆုံလမ်းမတွင် ပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစည်းအဝေးကျင်းပ
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လု ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Dec 07,2022
ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကော့သောင်းမြို့၊ နဝရတ်အားကစားခန်းမတွင်ကျင်းပပြုလုပ်သည်။
ဘိုကလေးမြို့နယ် ထော်ပိုင်ကျေးရွာစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 07,2022
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဖြစ်ပွားကြုံတွေ့ရမည့် အန္တရာယ်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရေး၊ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိနိုင်စေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ ကျောင်းသား/သူ များအား ယနေ့နံနက်(၁၁)နာရီ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။