သတင်းများ

မတ္တရာမြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ရုံးဖွင့်ပွဲကျင်းပ
Dec 07,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၄)ရပ်ကွက် မှန်စီဘုန်းတော်ကြီးကျောင်းအတွင်းရှိ အသင်းရုံး တွင် ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးအသုံးပြုရာတွင် စနစ်တကျရှိရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်
Dec 07,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးအသုံးပြု ရာတွင် စနစ်တကျဖြင့် အန္တရာယ်ကင်းရှင်းရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က အမှတ်(၁)ရပ်ကွက်၌ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူခရိုင်အဆင့်ဌာနဆိုင်ရာများမှ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊ အဖွားများအတွက် လစဉ်အလှူငွေများ ထောက်ပံ့လှူဒါန်း
Dec 07,2022
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျောက်ဖြူဘိုးဘွားရိပ် သာရှိ အဘိုး၊ အဖွားများအတွက် လစဉ်အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဘိုးဘွား ရိပ်သာ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
တနင်္သာရီ၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 07,2022
တနင်္သာရိတိုင်းဒေသကြီ၊ တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ/တာဝန်ခံများ တက်ရောက်ကြသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်
Dec 07,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်သည် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အားကစားကွင်းတွင်ပြုလုပ်သည့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အပတ်စဉ်(ဝိဇ္ဇာ/သိပ္ပံ)ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
Dec 07,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အပတ်စဉ်(ဝိဇ္ဇာ/သိပ္ပံ) ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း (၃၅) ရာခိုင်နှုန်းပြီးစီး
Dec 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက် လမ်းမကြီးပေါ်တွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက် ပေးခဲ့သည်။
ဂွမြို့တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာရောင်းချပေး
Dec 07,2022
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အခြေခံစား သောက်ကုန်များအား ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၇ နာရီအချိန်က မြို့မရပ်ကွက်ရှိ စည်ပင်သာယာပန်းခြံရှေ့တွင်  လက်ရှိပေါက်ဈေးထက်လျော့၍ ရောင်းချပေးခဲ့သည်။