သတင်းများ

တွံတေးမြို့နယ်တွင်​​ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပညာရေးစစ်ကြောင်းလှုပ်ရှားမှုအနေဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၈ နာရီက ပြန်ကြားကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
မိုင်းတုံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅) ကြောင်းဖြင့် မဲကင်ကျေးရွာသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နံနက်ပိုင်းကမဲကင် ကျေးရွာနေ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ငှက်ပျောပင်မှ ထွက်ရှိသော ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းသင်တန်းဖွင့်ပွဲ  ကျင်းပ
Dec 08,2022
ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ငှက်ပျောပင်မှထွက်ရှိသော ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သုံးခွမြို့၌ လူငယ်စကားဝိုင်းကျင်းပ
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Dec 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာရှိ ဓမ္မသုခလယ်ပြင်ကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
တနိုင်းမြို့၌ ပြည်လုံးအေးချမ်းသုံးပါးကပ်ကျော်ဆုတောင်းပြည့် စေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပ
Dec 08,2022
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ဒူးကောင်းရပ်ကွက်၊ ရွှေဘုန်းအောင်လံကျောင်း အတွင်း တည်ထားကိုးကွယ်အပ်သော “ပြည်လုံးချမ်းသာသုံးပါးကပ်ကျော်” ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင် မင်္ဂလာလှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ ကိုးနဝင်းစေတီတော်မြတ်အား ထီးတော်တင် မင်္ဂလာအခမ်းအနားနှင့် အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
Dec 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကျိုက်တိစေတီတော်ရင်ပြင်တွင် တည်ထားကိုးကွယ်တော်မူသော ကိုးနဝင်း စေတီတော်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ (၀၇း၁၅) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၀၆း၀၀) နာရီအချိန်တွင် ကျိုက်တိစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။