ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စု၌ နေကြာစံပြကွက်အောင်မြင်ဖြစ်ထွန်းမှုအား ကွင်းဆင်းစစ်ဆေး
Dec 08,2022
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို စိုက်ပျိုးလျက်ရှိရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုတွင် တောင်သူများ စိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်းနေသော နေကြာစိုက်ခင်းကို ယမန်နေ့ နံနက် ၀၉၃၀ အချိန်တွင် ဟိုပန်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။