စလင်းမြို့နယ်၌ ဧရာမင်းမိုးစပါးစံပြကွက် စိုက်ခင်းရိတ်သိမ်းပွဲ ကျင်းပပြုလုပ်
Dec 08,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၃-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးသီးနှံစံပြကွက်စိုက်ခင်း ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တောစိမ့်ကျေးရွာ တောင်သူဦးမြင်းဝင်း၏ ကွင်းအမှတ် (၆၀၀) ရှိ ဧရာမင်းမိုးစပါး စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။