သတင်းများ

လက်ပံတန်းမြို၌ စာပေချစ်သူများ အသင်းဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်
Dec 08,2022
စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို စာပေချစ်သူအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့် ရရှိစေရန်ရည်ရွယ်၍ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 08,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉:၃၀ က ပဲခူးမြို့ ဟင်္သာတင်းနစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဆုရရှိသောအသင်းများ တက်ရောက်ကြသည်။
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းအဆင့်မြှင့်တင်တိုးချဲ့ ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်
Dec 08,2022
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းကို ဘဏ္ဍာနှစ်အလိုက် လမ်းအဆင့်မြှင့်တင်တိုးချဲ့ကတ္တရာခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မူလကတ္တရာလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းကို လမ်းပိုင်းနှစ်နေရာ၌ဆောင်ရွက်လျက်ရှိပြီး  ၈၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းတွင် ဆောင်းရာသီကာလ ကြိမ်စေ့ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဆောင်းရာသီကာလ ရာသီစာ ကြိမ်စေ့ ရှာဖွေရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
စုကလိမြို့တွင်( ၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပန်းချီဆေး​ရောင်ခြယ် ပြိုင်ပွဲကျင်းပ
Dec 08,2022
ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ နေ့လယ်က အလယ်တန်း အဆင့် စိတ်ကြိုက်ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
စာရေးဆရာ ဦးတင်လှ (မဟာဝိဇ္ဇာ) ရေးသားထားသည့် မြန်မာမှုစာအုပ်ဖြင့် စာဖတ်ဝိုင်း စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်
Dec 08,2022
စာအုပ်စာပေ ဖတ်ရှုပါ၊ ပြန်လည်မျှဝေပေးပါ စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ အား ပြန်လည်အသုံးချတတ်စေရန်နှင့် မြန်မာ့ဓလေ့ ထုံးတမ်းအစဥ်အလာများအား ချစ်မြတ်နိုးတတ်ကြစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာမှုစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်ခဲ့သည်။
လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို  စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။