သာပေါင်း ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လစ်လပ်သွားသော သံဃသမ္မုတိ ဆရာတော်အစား ပြန်လည်ရွေးချယ်သည့် သံဃသမ္မုတိ ဆရာတော် တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမ္မာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြသည်။
အခမ်းအနားကို "နမောတဿ" သုံးကြိမ် ဘုရားရှိခိုးကန်တော့၍ စတင်ပြီး ဥက္ကဋ္ဌ၊ ဘဒ္ဒန္တသံဝရာ ဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ) သဘာပတိဆရာတော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေပြည်မြို့၊ ငါးသိုင်းချောင်းမြို့နယ်၊ ရွှေရေးဆောင်ကျောင်း၊ (နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ အဖွဲ့ဝင်) မှ အခမ်းအနားဖွင့် ဩဝါဒကထာမြွတ်ကြားပြီး အခမ်းအနားမှူး ဆရာတော်မှ သမ္မုတိဂုဏ်အင်္ဂါ အရည်အချင်းများကို လျှောက်ထားပြီး သမ္မုတိပြန်လည်ရွေးချယ်နိုင်ရန်အတွက် အမည် စာရင်း တင်သွင်းမည့် အဆိုရှင်ဆရာတော်ကို ဖိတ်ကြားရာ ဘဒ္ဒန္တပညာသိရီ၊ သက်တော်(၃၈)နှစ်၊ သိက္ခာ(၁၈)ဝါ၊ သာသနာဝင်အမှတ် ၁၂/ဒဂဆ(သ)၀၀၀၃၆၀၊ သာသနာဓဇဓမ္မာစရိယ ဝိနယဝိဒူ Dip, ဘီအေအမ်အေ၊ သံဃဝိဟာ ရကျောင်း၊ ကွင်းကောက်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ၊ သာပေါင်းမြို့နယ်အား အမည်စာရင်းတင်သွင်းရာ ယင်းအဆိုကို သံဃသမုတိရသံဃ ကိုယ်စားလှယ် ဆရာတော်ရွေးချယ်ရာ တက်ရောက်(၃၁)ပါး၊ ဆန္ဒမဲပေး (၅၆၉)ပါး၊ ပေါင်း(၆၀၀)ပါး (၁၀၀)% ဖြင့် ထောက်ခံကြရာ အစည်းအဝေး အမည်စာရင်းတင်သွင်ပြီး သာဓု(၃)ကြိမ်ခေါ် အတည်ပြု ပေးကြသည်။
ထို့နောက် သဘာပတိဆရာတော်မှ နိဂုံးချုပ်ဩဝါဒ ကထာမြွတ်ကြားပြီးနောက် "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်သံပြိုင် ရွတ်ဆို၍ သမ္မုတိရွေးချယ်ခြင်း အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးကြောင်း သိရသည်။
မျိုးဇော်သိန်း