ချမ်းမြသာစည် ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး ပုရဝုဏ်အနောက် ၄၅ တာကွင်းအတွင်း ဝါဆိုခြင်းရုံတွင် ၉၄ ကြိမ်မြောက် ဝါဆိုခြင်း အလှခတ်ခြင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မဟာမုနိ ဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ ခြင်းအလှခတ် အသင်းများ တက်ရောက်ခဲ့ ကြသည်။အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား မြေဝိုင်းအကများ၊ ခြင်း အလှခတ် ဖျော်ဖြေတင်ဆက်ခြင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြ သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အလှူငွေကျပ်သိန်း ၂၀ အား ချီးမြှင့်ပေးအပ်ခဲ့ရာ တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြသည်။ အဆိုပါ ဝါဆိုခြင်း အလှခတ်ပွဲတော်အား ၂၈.၆.၂၀၂၂ မှ ၁၃.၇.၂၀၂၂ နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)