မြောက်ဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြော

မြောက်ဦး ဇွန် ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ကြက်ဈေးရပ်ကွက် မူလွန်ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအ ချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ သဘဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦး စီးဌာနမှ မြို့နယ်ဦးစီးမှူးမှ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးအန္တရာယ်၊ မုန်တိုင်း ဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ကျောင်းသူ/ကျောင်းသားများ  ဆောင်ရန်၊ ရှောင်ရန်အချက်များဖြစ်သည့်  ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေ ကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန် အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ ရှင်းလင်း ဟောပြောခဲ့သည်။ ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်သော အဖွဲ့မှလည်း သဘာဝဘေးတစ်ခုခု ဖြစ်ပေါ်လာလျှင် လုပ်ဆောင်ရမည့် အချက်များကို ပြောကြားပြီးနောက် လက်တွေ့သရုပ်ဖော်ပြသခဲ့ပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှလည်း ရှေးဦးသူနာပြုစုခြင်းသည် လူတစ်ယောက် ရုတ်တရက် ထိခိုက်ဒဏ်ရာရခြင်း၊ အစာနင်ခြင်းကဲ့သို့ အရေးပေါ် ကျန်းမာရေးပြသာနာ တစ်ခုခုကြောင့် ကြုံရလျှင် ဆေးကုသမှု မခံယူခင်ကာလ အသက်အန္တရာယ်ရှိတတ်သော အခြေအနေကို ရှေးဦးပြုစုနည်းဖြင့် လက်တွေ့ သရုပ်ဖော်ပြခြင်းများ ပြုလုပ် ပြသလျက်ရှိကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)