မြင်းခြံမြို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

မြင်းခြံ ဇွန် ၂၈

မန္တလေးတိုင်းတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆေးထိုးစုရပ်အလိုက် အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက  အခြေခံ ပညာကျောင်း ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် မြင်းခြံမြို့နယ် သဲဖြူဝကျေးရွာ မူလတန်းကျောင်း၊ ကျောက်ရံကျေးရွာ မူလတန်းကျောင်း၊ မရိုးကုန်း(မြောက်)ကျေးရွာ မူလတန်းကျောင်း၊ နတ်ထားကျေးရွာ မူလတန်းကျောင်း၊ မဟာနန္ဒာကန်ရိုး(ဘက)ကျောင်း၊ ဇေယျာလင်္ကာရ (ဘက) ကျောင်း၊ ဒဏ္ခိဏရာမ(ဘက)ကျောင်းများရှိ ကျောင်းသား/သူ (၈၃၆) ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရန်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းဆေးထိုးစုရပ်ရှိ ဆရာ/ဆရာမများမှ စောင့်ကြပ်ဆောင်ရွက်ပေးကြောင်းသိရသည်။

ကျော်စွာ(မြင်းခြံ)