ပေါက်ခေါင်းမြို့နယ်၌ လယ်မြေ ၄၈၀ ဧကမှထွက်ရှိမည့် သီးနှံထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ်ဆောင်ရွက်

ပေါက်ခေါင်း ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ လယ်မြေ ၄၈၀ ဧကမှထွက်ရှိမည့် သီးနှံထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ဗောဓိကုန်းကျေးရွာကုန်ထုတ်လမ်းကို ခွင့်ပြုငွေ ၇၇ ဒသမ ၄၂၅ သန်းဖြင့် လမ်းအရှည် ၁/၁.၅၄၅ မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၂ ပေ  ၉ လက်မရှိ မြေသားမြေနီလမ်းနှင့်ဆင်ဖြူကန်ကျေးရွာကုန်ထုတ်လမ်းကို ခွင့်ပြုငွေ ၅၀ ဒသမ ၆၇၃ သန်းဖြင့် လမ်းအရှည် ၀/၅.၅၆၇ မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မရှိမြေသားမြေနီလမ်းခင်းဖောက်လုပ်ခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှသိရသည်။

ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ(၁၂၂၉)ဦး၊ လယ်ယာထုတ်ကုန်ဧက ၄၈၀ မှထွက်ရှိသော သီးနှံများသယ်ယူရောင်းချရာတွင် လွယ်ကူမြန်ဆန်အဆင်ပြေမည်ဖြစ်သည်။ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ကျေးလက်ဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးဌေးဇော်၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အေးမို့မို့ဝင်းနှင့်ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်သည့်နည်းပညာများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်းသိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)