တကောင်း ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်၍ ဝန်ထမ်းများအား စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တကောင်းမြို့၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် အများပြည်သူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်၊ အချိန်ကိုကျိုးရှိစွာ အသုံးချတတ်စေရန်၊ မအားလပ်သဖြင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက်လက်ဝယ်အရောက်စာအုပ်၊ စာစောင်များငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် စာဖတ်သူတိုးပွားလာစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များကို Mobile Library စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခြင်းဖြစ်သည်။ ထိုသို့ Mobile Library စနစ်ဖြင့်ငှားရမ်းပေးရာတွင် စာဖတ်ပရိသတ်ကြိုက်နှစ်သက်သည့် သုတ/ရသ စာအုပ်များအား (၇) ရက် အခမဲ့ငှားရမ်းကြည်ရှု့နိုင်ကြောင်းသိရသည်။ ထို့နောက်စာဖတ်ပရိသတ်များအနေဖြင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်လည်း စည်းကမ်းချက် များနှင့်အညီ အသင်းဝင်လျှောက်ထားနိုင်ပြီး၊ စာအုပ်၊စာစောင်များကို အခမဲ့လာရောက်ငှါးရမ်းကြည့်ရှုနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်းများကို လည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီရိအောင်(တကောင်း)