သာပေါင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စုတွင် သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ

သာပေါင်း ဇွန်  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇွန်လ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကျွန်းကုန်းကျေးရွာအုပ်စုတွင် သွေးလွန် တုပ်ကွေးဖြစ်ပွားခြင်း ခိုလှုံပေါက် ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေး ခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း များဆောင် ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး စောစေးထူးနှင့်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ကျန်းမာရေးဌာနမှ ဦးရဲဇော်ထွန်း (ငှက်ဖျားဆေးဖျန်း) နှင့်စေတနာ့ ဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ၊ Volunteer တို့က ကျွန်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျွန်းကုန်း ကျေးရွာ၊ ကျောက်အိုင်ကျေးရွာ၊ ပွဲကျော်ကျေးရွာ၊ ငကြွက်ကုန်း ကျေးရွာ၊ နန်းလုံးကြိုင် ကျေးရွာ များရှိ ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ နေအိမ်များရှိ ပိုးလောက်လမ်း ပေါက်ပွားနိုင် သည့်နေရာများကို စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင် နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း  ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လမ်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံ စစ်ဆေးပြီး ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးဆောင် ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း တို့ကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)