မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ မန္တလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ

မဟာအောင်မြေ ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးတက္ကသိုလ် ကျောင်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက်  တက်ရောက်လာသော ဧည့်သည်တော်များအား တိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများအား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီးဒေါက်တာတင်ထွန်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါ‌မောက္ခချုပ်၊ ဒုပါ‌မောက္ခချုပ်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကျောင်းသား/ သူများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း