ရခိုင်ပြည်နယ် မောင်တောမြို့၌  မိုးရာသီ  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မောင်တော ဇွန် ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မောင်တောခရိုင် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်က ယနေ့ နံနက် ၈ နာရီ အချိန်  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်များအား တာဝန်ရှိသူများထံပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်သစ်တောဦးစီမှူး ဦးပုန်ဇဂင့်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမိုးမြှင့်ဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  လူမှုရေးအဖွဲ့အစည်းများ၊ NGOအဖွဲ့အစည်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်နှစ်ပေအထက် ပျိုးပင်ဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ မဟော်ဂနီနှင့် ယူကလစ် (သစ်မာမျိုးစုံ) စသည့် စုစုပေါင်း ပျိုးပင်ပေါင်း ၆၀၀ ကို ကျောင်းဝင်းအတွင်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင် (ပြန်/ဆက်)