ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရမည်းသင်း ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉နာရီခွဲအချိန်၌ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေဝင်းက ကျား/မ ရေးရာအခြေပြု အခြေခံသဘေ ာတရားများ၊Gander ပြုပြင်ပြောင်းလဲလိုရခြင်း၊ လူမှုပုံစံဖြင့် ခွဲခြားဆက်ဆံရာတွင် အသက်အရွယ်၊လူမျိုးနှင့်မွေးရာပါလက္ခဏာတို့ကိုလည်းကောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုပပျောက်ရေးကိုလည်းကောင်း ဗီဒီယိုကလစ်ဖြင့် အသိ ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရမည်းသင်းခရိုင် ပညာရေးမှူးရုံးလက်ထောက်ညွန်ကြားရေးမှူး ဦးဌေးဝင်း၊ မြို့နယ်ပညာရေးမှူးတာဝန်ခံဦးအောင်သိန်းထွန်း အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)