ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ကျောက်ဆည် ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက အဆိုပါကျောင်း စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဒေါက်တာမျိုးသူက ယနေ့အချိန်အခါသည် ကျောင်းသား၊ ကျောင်းသူများအတွက် သွေးသစ်လောင်းသည့်နေ့တစ်နေ့ဖြစ်ကြောင်းနှင့် မောင်မယ်သစ်လွင်ပွဲ ပြုလုပ်ခြင်းအားဖြင့် မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်သူများ ချစ်ကြည်ရင်းနှီးမှုရရှိခြင်း၊ စာပေ၊ ဂီတ၊ အနုပညာရှင်များ ပေါ်ထွက်လာစေခြင်းနှင့် သင်ကြားသင်ယူမှုများ ပိုမိုထိရောက်စေရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မေဂျာပေါင်းစုံမှ ကျောင်းသား/ကျောင်သူများက မြတ်ဆရာသီချင်း၊ CIVIL မေဂျာကျောင်းသား/ကျောင်းသူများက မင်္ဂလာပါသီချင်း သီဆိုဖျော်ဖြေခြင်းနှင့် Model Show လျှောက်ခြင်း၊ IT မေဂျာကျောင်းသား/ကျောင်းသူများက လိုက်ဖက်တဲ့ဘဝသီချင်း၊ အချစ်ရဲ့ကိုယ်ရံတော်သီချင်းများဖြင့် သီဆိုဖျော်ဖြေပြီး Model Show လျှောက်ခြင်း၊ Metch မေဂျာကျောင်းသား/ ကျောင်းသူများက ယောင်ပေစူသီချင်း၊ မီးပုံပွဲသီချင်းများနှင့်ဖျော်ဖြေပြီး Model Show လျှောက်ခြင်း၊ EC မေဂျာကျောင်းသား/ကျောင်းသူများက မြနန္ဒာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ Model Show လျှောက်ခြင်း၊ EP မေဂျာကျောင်းသား/ ကျောင်းသူများက ခိုင်မာလာနှင်းဆီသီးချင်းဖြင့် သီဆိုဖျော်ဖြေပြီး Model Show လျှောက်ခြင်းများနှင့် အသီးသီးပျော်ရွှင်စွာဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)