မြစ်သား ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါက်တာနေလွင်ထူးက ဒေသခံမွေးမြူရေးနှင့် တောင်သူများသိရှိစေရန်အတွက် ဆိတ်မွေးမြူးရေးအကြောင်းရွေးချယ်ခြင်း၊ မွေးမြူရမည့်နည်းစနစ်များ၊ မွေးမြူရမည့်မြေနေရာရွေးချယ်ခြင်း၊ ဆိတ်ကိုမျိုးမြှင့်သားစပ်ပေးခြင်း၊ မျိုးစစ်အချင်းချင်းသားစပ်ပေးခြင်း၊ ကူးစက်မြန်ရောဂါများဖြစ်သည့် လည်ချောင်းကွဲရောဂါ၊ ခွာနာလျှာနာရောဂါ၊ ဝဲရောဂါ၊ ဒေါင့်သန်းရောဂါများကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် ဆိတ်မွေးမြူရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)