ကော့ကရိတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ကော့ကရိတ် ဇွန် ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ဆက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်လေးနွယ်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန္ဒာဝင်းက သဘာဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်၍ ရေကြောင့်ဖြစ်သော ဘေးအမျိုးမျိုး၊ ရေဘေးဖြစ်ပေါ်နိုင်သောကာလ၊ ရေကြီးနိုင်သောဒေသ၊ မြစ်ရေကြီးရခြင်းအကြောင်းအရင်းနှင့် မြစ်ရေကြီးခြင်းသတိပေးချက်များ၊ ရေကြီးမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးဖြစ်ပေါ်နိုင်သည့် ကာလမုန်တိုင်းအရောင်သတ်မှတ်ခြင်း၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီးပါက ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို ဆွေးနွေးပြောကြားကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်၊ပြန်/ဆက်)