ဗဟန်း ဇွန် ၂၆
"မြန်မာ့ဂီတနေ့"ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာCommunity Centre၌ ဗဟန်းမြို့နယ် ဂီတအစည်းအရုံးကကြီးမှူးကျင်းပသော" ဂီတနေ့"အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌက မြို့နယ်ဂီတတာဝန်ပေးခန့်အပ်လွှာဖတ်ကြားခြင်း၊ ဗဟန်းမြို့နယ် ဂီတအတွင်းရေးမှူးက ဗဟန်းမြို့နယ် ဂီတအစည်းအရုံးဖွဲ့စည်းပုံဇယားဖတ်ကြားခြင်းနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဗဟန်းမြို့နယ်ဂီတဥက္ကဋ္ဌ ဒေါ်ဆည်းဆာက ကျေးဇူးတင်စကားကပြန်လည်ပြောကြား ပြီးတက်ရောက်လာသည့် ဂီတပညာရှင်များမှ တေဂီတများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စန္ဒာမိုး