ပဲခူးမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူး ဇွန် ၂၆

ဇူလိုင်လ(၃)ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်း၌ အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကမ္ဘောဇသာဒီနန်းတော်ရှေ့ မြက်ခင်းပြင်တွင် ပဲခူးတိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပဲခူးမြို့ပေါ်ရပ်ကွက် အမျိုးသမီးများ၊ တိုင်း/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးဝန်ထမ်းများမှ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုပါသည် စာတမ်းပုံဖော်၍ Zumba Dance အားကစား လှုပ်ရှားဆောင်ရွက်ကြသည်။

ထို့နောက် အသင်းဝင်အဆိုပြုလွှာနှင့် တူညီဝတ်စုံပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာက အမှာစကားပြောကြားပြီး ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးအဖွဲ့များက မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းဝင် အဆိုပြုလွှာ (၇၀)စောင်အား ပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာမှ လက်ခံရယူခဲ့သည်။

ယင်းနောက် ပဲခူးမြို့နယ် ရပ်ကွက်၊ ကျေးရွာများမှ အမျိုးသမီးရေးရာအဖွဲ့ဝင်များအတွက် တူညီဝတ်စုံများအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ၊ အတွင်းရေးမှူး‌ ဒေါ်မိုးသူဇာကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဥက္ကဋ္ဌများက ပေးအပ်ခဲ့ပြီး ကမ္ဘောဇသာဒီနန်းတော်အတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်