ရေစကြို ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးအထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက် ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများကို အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်စေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းပြောကြားပြီး၊ ဆက်လက်ပြီး မြို့နယ်ပညာရေးဌာနမှ ကျောင်းဆရာတစ်ဦးက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူ့ပတ်ဝန်းကျင်တွင် လက်တွေ့တွေ့ကြုံခဲ့ရသည့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုများကို သာဓကပြပြောဆို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်လုလင် (ရေစကြို)