ရေး ဇွန် ၁၇
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၃)ခု၌ ဖြေဆိုသူ ကျောင်းတွင်း(၈၀၀)ဦးနှင့် ကျောင်းပြင်(၂၈၂)ဦး စုစုပေါင်း(၁၀၈၂)ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ (၄၈၅)ဦးဖြစ်ပြီး အောင်ချက် ၄၄.၈၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းဂုဏ်ထူးတွင် ပါရှိမှုအနေဖြင့် (၄) ဘာသာရှင်(၁)ဦး၊ (၃)ဘာသာရှင် (၁၁)ဦး၊ (၂) ဘာသာရှင်(၁၃)ဦး၊ (၁)ဘာသာရှင်(၁၄၈)ဦးရရှိကြပြီး၊ ရိုးရိုးအောင်မြင်သူ(၃၁၂)ဦး စုစုပေါင်း ဖြေဆိုအောင်မြင်သူ (၄၈၅)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)