ပေါင်မြို့နယ်တွင်  စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာဆိုင်ရာ  အသိပညာပေးဆွေးနွေးပွဲ  Talk Show  ပြုလုပ်

ပေါင် ဇွန် ၁‌၇

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အကြောင်းသိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ  Talk Show  ကို ယနေ့‌က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက Talk Show  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။

ဆက်လက်၍ သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်ဖြိုးမို့အောင်က ဆိုးရွားလာတဲ့ စွန့်ပစ်ပစ္စည်းအကြောင်း၊ စွန့်ပစ်ပစ္စည်းအမျိုးအစားများ၊ ဆွေးမြေ့ပျက်စီးဖို့ အချိန်ကာလကြာမြင့်ပုံ၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သတ်ပြီး စီမံဆောင်ရွက်ထားရှိမှုများအကြောင်းအရာများ၊ စွန့်ပစ်ပစ္စည်း လျော့ချနိုင်မည့်အခြေအနေများကို ပြည်သူလူထုများသိရှိအောင် အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အငယ်တန်းစာရေး ဒေါ်ရွှေရည်ထူးက ‌စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်မှုမရှိခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ကြရန်၊ စွန့်ပစ်ပစ္စည်းများ လျော့ချရန်နည်းလမ်းများ၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျပြုလုပ်ခြင်းဖြင့် ရရှိလာ‌သောအကျိုး ကျေးဇူးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)