ဆိပ်ဖြူ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ယောဝမူလတန်းကျောင်းနှင့် ယောဝရပ်ကွက်လူနေအိမ်များသို့ ကွင်းဆင်း ဆောင်ရွက် အသိပညာပေးများ ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျောင်းနှင့်နေအိမ်များဝန်းများအတွင်း ခြင်များပေါက်ဖွားခိုအောင်းနိုင်သည့် ရေနုတ်မြောင်း၊ ရေဆိုးရေညစ် ထုတ်မြောင်းများ ရေဝပ်ခြင်းရှိမရှိ ရေစီးရေလာ ကောင်းမွန်ခြင်းများကို လည်းကောင်း၊ စွန့်ပစ်ရေ ရေအိုး၊ ရေပုံး၊ တာယာပုံအဟောင်းများ၌ ခြင်များခိုအောင်း ပေါက်ဖွားခြင်း မရှိစေရန် စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ရေး ရေစည်၊ ရေအိုး၊ ရေကန်များအတွင်း ပိုးလောက်လန်း များ ပေါက်ဖွားခြင်းရှိမရှိတို့ကိုကြည့်ရှု၍ အဘိတ်ဆေးများထည့်ပေးခြင်းနှင့် မိမိတို့နေအိမ်အတွင်း အသုံးပြုလျက်ရှိသည့် ညောင်ရေအိုး၊ ရေစည်၊ ရေအိုး၊ ရေကန်များအတွင်း၌ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန် ခြင်ကြောင့်ကူးဆက်တတ်သော ရောဂါများကာကွယ်ဆောင်ရွက်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများစနစ်တကျဆောင်ရွက်သွားရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)