တောင်ငူမြို့၌ ကျား၊ မရေးရာ (Gender) နှင့် ကျား၊ မရေးရာ အခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ငူ  ဇွန်  ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကျား၊ မရေးရာ (Gender) နှင့် ကျား၊မရေးရာ အခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ နာရီအချိန်က အမှတ် အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်းခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်မှူး ဒေါ်နီနီရွှေ က ကျား၊မရေးရာ (Gender) နှင့် ကျား၊မရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) ဆိုင်ရာနှင့်ပတ်သက်၍ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာများ၊ လိမ်အကြမ်းဖက်ခြင်းခံရမှုများ၊ အမျိုးသမီးများအား ပြည်သူ့ရေးရာကဏ္ဍများတွင် ပါဝင်ခွင့် အခွင့်အလမ်းများ၊ အမျိုးသမီးများအား အကြမ်းဖက်မှုပုံစံမျိုးစုံမှ ကာကွယ်ရန် ဥပဒေပါပြဌာန်းချက်များအား ရှင်းလင်းဟောပြောသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၀၀ ဦး တက်ရောက်ကြပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)