ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ကျောက်တံခါး ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ပညာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ရာ ရွှေကျင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က(ကျောက်တံခါး) ၊ အ-ထ-က(ပဲနွယ်ကုန်း)၊ အ-ထ-က (ဖဒို) နှင့် အ-ထ-က(မြို့ချောင်း) ၊ အ-ထ-က(တောကျွဲအင်း) စာစစ်ဌာန  ၅ ခုခွဲ၍ ဖြေဆိုခဲ့ကြသည်။

အဆိုပါစာစစ်စင်တာ ၅ ခုတွင် ဝင်ရောက်ဖြေဆိုကြသော ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၀၁)ဦးရှိပြီး ဖြေဆိုအောင်မြင်သူ (၆၀၉) ဦးရှိကြောင်း အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် (၄၃.၄၇%)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ အောင်မြင်သူများတွင် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများမှာ မြန်မာစာ(၂)ဦး၊ သင်္ချာ(၄)ဦး၊ ဓာတု(၂၁)ဦး၊ ရူပ(၄)ဦး၊ ဇီဝ(၆၂)ဦး၊ ပထဝီ(၃၈)ဦး၊ သမိုင်း(၂၉)ဦး၊ ဘောဂ(၁၄၃)ဦး စုစုပေါင်း(၃၀၃) ဦးရှိကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရှိရသည်။

စန်းစန်း (ပြန်/ဆက်)