ငပုတော ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယမန်နေ့ နံနက် ၁၂ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ကြည့်ရှုရာတွင် လုံခြုံရေးကို အလေးထားဆောင်ရွက်ရန်၊ စာသင်ကျောင်းလုံခြုံရေးအတွက် (နေ့/ည) အမြဲမပြတ်အလေး ထား ဆောင်ရွက်ရန်၊ မိမိဒေသတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုမရှိစေရေး ဟောပြောပွဲ များ၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခတ်ခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ရန်၊ အသက် (၁၅)နှစ် မှ (၁၈)ကြား ကိုဗစ်ကာကွယ်ဆေး Second Dose ၊ Booster Dose အား ကာကွယ်ဆေး ထိုးနှံရန်နှင့် ဆေးထိုးနှံရန် ကျန်ရှိပါက ကျန်းမာရေးနှင့် ပူးပေါင်း ဆေးထိုးနှံပေးရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား ကြေညာ ဆောင်ရွက်ရန်၊ စိုက်ဘဏ်၊ သမဝါယနှင့် စိုက်ဘဏ်မှ ယခင်ကြွေးကျန်ဆပ်ရန် ကျန်ရှိနေသော တောင်သူများ ပေးဆပ်နိုင်ရန်၊ အခွန်တိမ်းရှောင်မှု မဖြစ်ပေါ်စေရေး၊ ဥပဒေမဲ့လိုင်စင်မဲ့ အခွန် တိမ်းရှောင်မှုမျိုး မဖြစ်ပေါ်စေရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်မှုကျူးလွန်ထားခြင်း မရှိသောသူများ မိဘများထံ ပြန်လည်အပ်နှံနိုင်ရေးအတွက် မှာကြားပြီး ပြန်လည်ဆွေးနွေးချက် များအပေါ် လိုအပ်သည်များဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)