ဥတ္တရ ဇွန်၁၇
အဆိုပါ ဟောပြောပွဲတွင် ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိဒေါ်မြစန်းရီက မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင် ရွက်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ဒေါ်နန်းဝင်းဝင်းစိန် (ရဿတီမေနန်း) က အသိပညာပေးဟောပြောရာမူးယစ်ဆေးဝါးသည် ဦးနှောက်နှင့်အာရုံကြော ကိုထိခိုက်ထုံထိုင်းစေပြီး ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့်အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ ဆေးဝါး အပေါ်စိတ်ရောကိုယ်ပါစွဲလမ်းမှုများဖြစ်စေပြီးမသုံးစွဲဘဲမနေနိုင်ဖြစ်စေကြောင်း၊မူးယစ်ဆေးဝါးကို တာရှည်သုံးစွဲပါက အသဲပျက်စီးခြင်း၊ အသက်ဆုံးရှုံးခြင်းများဖြစ်ပေါ်နိုင်ကြောင်း၊ ကာလတိုသုံးစွဲပါက ဆေးဝါးသုံးစွဲမှုရပ်ဆိုင်းပါလျှင် မောပမ်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ တည် ငြိမ်စွာမနေနိုင်ခြင်း၊ စိတ်ပူပန်ခြင်း၊ အကြားအမြင်လွဲမှားခြင်း၊ သွေးဖိအားမြင့်မားပြီး ကိုယ်အပူ ချိန် လွန်ကဲ၍ သေဆုံးခြင်းများဖြစ်ပေါ်နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဟောပြောပွဲသို့ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ကျောင်းသူ များနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)