မော်လမြိုင်ကျွန်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီအချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၄၅.၇၂%) ရှိကြောင်း သိရသည်။
မြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၇)ခု၌ ကျောင်းသား၊ ကျောင်းသူ (၁၅၀၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၆၈၉)ဦးရှိပြီး (၁) ဘာသာဂုဏ်ထူး(၁၉၅)ဦး၊ (၂)ဘာသာဂုဏ်ထူး(၉၂)ဦး၊ (၃)ဘာသာဂုဏ်ထူး(၈၈)ဦး၊ (၄)ဘာသာဂုဏ်ထူး(၇)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၈၅)ဦး ဂုဏ်ထူးရရှိခဲ့ကြောင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ်အတွင်း၌ အခြေခံပညာ အထက်တန်းအဆင့် (၂၈)ကျောင်းတွင် အောင်ချက်အများဆုံးကျောင်းအဖြစ် မဲဇလီဦးတိုကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းက အောင်ချက်ရာခိုင်နှုန်း (၆၉.၇၀%) ဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အောင်အောင်(ပြန်/ဆက်)