သာပေါင်း ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်လုံခြုံရေးနှင့် သတင်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
လုံခြုံရေးနှင့် သတင်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ တိုင်းဒေသကြီးအဆင့်မှ ချပြသတင်းများ ရှင်းလင်းပြောကြားပြီး လက်ရှိကျောင်းဖွင့်ချိန် လုံခြုံရေးမပြတ်ဆောင်ရွက်ရေး၊ ဧည့်စာရင်းများ Spot check စစ်ဆေးဆောင်ရွက်ရေး၊ PDF သင်တန်းဆင်းများ ရောက်ရှိနေသည့် သတင်းများအား ရပ်ကျေးများနှင့် ပူးပေါင်းဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ရန်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ လိုင်စင်မဲ့ စစ်ဆေး ဖော်ထုတ်ရေး၊ မြို့ဝင်ထွက်စစ်ဆေးရေးဂိတ်တွင် ယူနီဖောင်းဖြင့် စစ်ဆေးရေး၊ ငွေကြေးရယူ စစ်ဆေးခြင်းမပြုရေး၊ သတင်းများ ရရှိမှုအပေါ် အဖွဲ့အစည်း၊ ဌာနအချင်းချင်း သတင်းဖလှယ် ဆောင်ရွက်ရေး၊ အသေးစိတ်ဆွေးနွေးခဲ့ပြီး တတ်ရောက်လာကြသော သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်