ပန်းတနော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဆန်၊ ဆီနှင့် ကျောင်းသုံးပစ္စည်းများ လှူဒါန်း

ပန်းတနော်  ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသို့ ဆန်၊ ဆီနှင့် ကျောင်းသုံး ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း( Mask) များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ယနေ့ နံနက် ၉ နာရီအချိန်က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများက ပန်းတနော်မြို့နယ်အတွင်းရှိ မဏီရတနာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ ဘုရားကြီးဒေါင့်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ သုခိတာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သာသနာ့ အလင်းရောင်း ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများသို့ တစ်ကျောင်းလျှင် ဆွမ်းဆန် (၂) အိတ်၊ ဆီ ၁၀ ပိဿာ၊ ဗလာစာအုပ်၊​ဘောပင်၊ခဲတံ  (၅) ဒါဇင်၊ Mask (၃) ဘူးတို့အား ဆရာတော်များထံ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)