မြောင်မြို့တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

မြောင် ဇွန် ၂

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာတွင် ယမန်နေ့ နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ထက်ထက်လင်းက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ ဆေးရောင်ခြယ်နေမှုများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ထက်ထက်လင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။

မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် (TalkShow) ဆွေးနွေးပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်