ပန်းတနော် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အနောက်ပိုင်းရပ်ကွက်ရှိ နေအိမ်များတွင် လိုက်လံအသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီမိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက အနောက်ပိုင်းရပ်ကွက်ရှိ နေအိမ် များတွင် သောက်ရေအိုး၊ သုံးရေအိုး၊ ဘုရားပန်းအိုး စသည့် အိုးခွက်များအတွင်း ပိုးလောက်လမ်း ပေါက်ပွားမှုရှိ/ မရှိ လိုက်လံစစ်ဆေးခဲ့ပြီး အဘိတ်ဆေးခက်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သောနေရာများတွင် ခြင်ပေါက်ပွားမှုမရှိစေရေး ဆောင်ရွက်ရန်၊ နေအိမ်ဘေးပတ်ဝန်းကျင်တို့တွင်ရှိသည့် ခြုံနွယ်မြက်ပင်များအား ခုတ်ထွင် ရှင်းလင်းကြရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အပတ်စဉ် လိုက်လံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)