ကြံခင်း မေ ၂၀
သံယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ၌ သစ်တောစိုက်ခင်းများ ပြန်လည်ပြုပြင် ထိန်းသိမ်းရန်၊ သဘာဝသစ်တောတိုးမြှင့် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များ ပျိုးထောင်ရာတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ မျှတသော ရာသီဥတုရရှိစေရေးနှင့် အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး လူထုဖြန့်ပျိုးဥယျာဉ် ဘိနယ်(၇)ခုတွင် ပျိုးပင်ပေါင်း (၁၂၀၀၀၀) ပျိုးထောင်ထားရှိကြောင်း ယနေ့ နံနက်ပိုင်းက မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးဆန်အောင်ထံက သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ လူထုဖြန့် ပျိုးဥယျာဉ်ဘိနယ် (၇)ခုဖြစ်သော မြို့မဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၁၉၅၀၀)ပင်၊ သစ်ဆိမ့်ကိုင်းဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၁၅၀၀၀)ပင်၊ ကံဆယ်ဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၂၀၀၀၀)ပင်၊ ကြို့ပင်စုဘိနယ် ပျိုးဥယျာဉ်တွင်(၂၇၀၀၀)ပင်၊ ပိုးစုကြီးဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၁၅၅၀၀)ပင်နှင့် ဆိပ်သာဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၈၀၀၀)ပင်၊ ဘက်ရဲဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၁၅၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ဘိနယ်များတွင် ပျိုးထောင်ထားရှိသော ပျိုးပင်များဖြစ်သည့် ကျွန်း(၇၀၀၀၀)၊ မဟောဂနီ (၂၁၀၀၀)၊ မန်ဂျန်ရှား (၂၇၀၀၀)၊ စိန်ပန်း(၅၀၀)၊ ကုလား(ကုက္ကို) (၅၀၀)၊ ပျဉ်းမ (၅၀၀)၊ ခရေ(၅၀၀) စုစုပေါင်း (၁၂၀၀၀၀) ပျိုးထောင်ထားရှိပြီး ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ၊ ကျောင်းများတွင် စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီး ဌာနမှ (အခမဲ့) ထုတ်ပေးလျက်ရှိပြီ ဇွန်လ(၁)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ လက်ဝယ်အရောက် (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)