ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ဆန်နှင့်ဂျုံများကိုပြည်သူများကို ထောက်ပံ့ပေးအပ်

ဒဂုံဆိပ်ကမ်း ဧပြီ ၂၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ စစ်တောင်းလမ်း၊ အမက(ဧရာဇ်၀ဏ်)ကျောင်းတွင် ယမန်နေ့နံနက် ၈:၄၀ က ပြည်သူများကို အိန္ဒိယနိုင်ငံမှလှူဒါန်းသော ဆန်နှင့်ဂျုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပါသည်။

အဆိုပါဆန်နှင့် ဂျုံထောက်ပံ့ရေးအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးဗိုလ်မှူးကြီး၀င်းတင့်၊ ရန်ကုန်မြို့တော်၀န်ဦးဗိုလ်ဌေး၊ တိုင်းအုပ်ချုပ်ရေးမှူးဦးစိုးစိုးဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာတို့မှ ရပ်ကွက်ကျေးရွာအလိုက် ဖြန့်ဝေမှုအခြေအနေများ၊ ဖြန့်ဝေပေးမည့်ရပ်ကွက်၊ ကျေးရွာများအလိုက် လက်၀ယ်ရရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများမှလည်း ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အိမ်ထောင်စု(၄၄၇၉)စုအတွက် တစ်အိမ်ထောင်လျှင်ဆန်တစ်အိတ် နှင့်ဂျုံ ၁.၂၃ ကီလိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ ဖြန့်ဝေမှုစုစုပေါင်းမှာ ဆန်(၄၄၇၉)အိတ်နှင့် ဂျုံ ၅၅၄၀.၇၂ ကီလိုဖြန်ဝေပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်ထံမှ သိရပါသည်။

လဲ့လဲ့