အင်္ဂပူ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကြီးကျေးရွာတွင် ယနေ့နေ့လည် ၂ နာရီ အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ် လုံးအမိုးလန်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့် ခွေးတောက်ချောင်းကျေး ရွာအုပ်စု၊ နံကပ်ကြီး ကျေးရွာနေ ဦးဆန်းဦး ပိုင်ဆိုင်သော သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းလူနေအိမ် တစ်လုံးအမိုး လန်မှုဖြစ်ပေါ်ခဲ့ပြီးလူနှင့် တိရိစ္ဆာန်ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။
မန်းကျော် အင်္ဂပူ(ပြန်/ဆက်)