သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "တိုးတတ်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့် လူငယ်အသင်း စာဖတ်ဝိုင်းကျင်းပ

သာပေါင်း ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ၂ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ လူငယ်အသင်း(Youth Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာကြီး ချစ်ဦးညို၏ "တိုးတတ်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ လူငယ်အသင်း(Youth Club)အဖွဲ့ဝင် ဦးမျိုးဝင်းမှ ဆရေး ဆရာကြီး ချစ်ဦးညို၏ "တိုးတတ်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ပါ အကြောင်းအရာများကို ဦးကျော်နိုင်က ဦးဆောင် ဖတ်ကြားဆွေးနွေးပြီး တတ်ရောက် လာကြသော စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ လူငယ်အသင်းအဖွဲ့ဝင်()ဦးတို့က ဖတ်ကြား ဆွေးနွေးချက်များကို ပြန်လည်ဆွေးနွေးခြင်းများဖြင့် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club) စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ် လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှ ရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)