နာဂဒေသပန်ဆောင်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

ပန်ဆောင် ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာမှ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေများကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်ခဲ့သည်။

ထိုကဲ့သို့ပေးအပ်ရာ ပန်ဆောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၄)ဦး၊ (၂)နှစ်အောက်ကလေး သူငယ် (၈၆) နှင့် (၁)နှစ်အောက်ကလေး (၁) ဦးတို့အား တစ်ဦးလျင် (၄၅၀၀၀) ကျပ်ဖြင့် စုစုပေါင်း ငွေကျပ် (၃၈၄၀၀၀၀) ကို ပန်ဆောင်မြို့ အထက်၊ အလယ်၊ နီဟိသုံးရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့သည်။

အဆိုပါ နိုင်ငံတော်မှ ထောက်ပံ့ငွေများကို ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် (၄၅၀၀၀) ကျပ်၊ (၂) နှစ် အောက် ကလေးငယ်တစ်ဦးလျှင် (၄၅၀၀၀) ကျပ်နှင့်  (၁) နှစ်အောက် ကလေးငယ်တစ်ဦးလျှင် (၁၅၀၀၀) ကျပ် ဖြင့် ဧပြီလ ၂၁ ရက်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)