ညောင်တုန်းမြို့နယ်၌ ဆင်းသုခမျိုးစေ့ထုတ် နွေစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

ညောင်တုန်း  ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈နာရီအချိန်က ဆားမလောက်ကျေးရွာရှိ နွေစပါးစံကွက် စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ဆားမလောက်ကျေးရွာ တောင်သူဦးကျင်လှိုင်၏ ကွင်းအမှတ် (၃၈၂)၊ ဦးပိုင်အမှတ် (၁၇၈)ရှိ ဆင်းသုခမျိုးစေ့ထုတ် (၁၄.၀၀)ဧကစိုက်ခင်းတွင် (၀.၁၀)ဧက စံကွက် ရိတ်သိမ်းရာ စပါးအခြောက်အထွက် (၁၃၂)တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများမှ ထွက်ရှိလာသော မျိုးကောင်းမျိုးသန့် မျိုးစေ့များကို အရည်အသွေး သတ်မှတ်ချက်များနှင့်အညီ တောင်သူများသို့ စနစ်တကျ ဆက်လက် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)