ရွာငံ ဧပြီ ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို ယမန်နေ့နံနက် ၉ နာရီ မှ စ၍ အထက( ရွာငံ)ပြဒါးလင်းခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့် သင်ကြားပို့ချပြီး ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ(၆၃)ဦးတက် ရောက်သင်ယူလျက်ရှိသည်။ နေ့အလိုက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ စသည့်ဘာသာရပ်များကို အလှည့်ကျ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ယခုတက် ရောက်လာကြသောသင်တန်းသားများမှမိမိတို့ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ သင်ခန်းစာများအား နည်းပြများအဖြစ် ပြန်လည်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သင်ရိုးသစ် (Grade-5) သင်တန်းကို ဧပြီလ (၂၀)ရက်နေ့ မှ ဧပြီလ (၂၅)ရက်နေ့ အထိ(၆)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်