လေးမျက်နှာ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် နိုင်(၄)မှတ်တမ်း ဖြည့်သွင်း နေမှုနှင့် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုကို ယနေ့နေ့လည်ပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ဇော်မင်းမှ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်းမှ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော နိုင်(၄)မှတ်တမ်း ဖြည့်သွင်းနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိသော အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ကြည့်ရှု စစ်ဆေးရာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင် ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသည့်လုပ်ငန်း တစ်ရပ် ဖြစ်သောကြောင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရာတွင် အမှန်ကန်ဆုံးဖြစ်အောင်နှင့် အချိန်မီပြီးစီးအောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)